Tuesday, January 8, 2013

Botataung Pagoda


 https://mail-attachment.googleusercontent.com/attachment/u/0/?ui=2&ik=f614125b49&view=att&th=13c3ce248f581b16&attid=0.2&disp=inline&realattid=f_hbynr5al1&safe=1&zw&saduie=AG9B_P9jCMc2eXAJbAtT6TFxbVm9&sadet=1358307652698&sads=AWbm9gGUj9mTbp35vvnlhptvQ98







အပိုင်း(၂)
၁၉၅၅ ခုနှစ် ဇန်န၀ါရီလ နောက်ပိုင်းတွင် ဗိုလ်တထောင်စေတီတော်၏ ပတ်ဝန်းကျင်တွင် မြနန်းနွယ် ၏ အသွင်ကိုအရိပ်အယောင် မျှပင် မမြင်တွေ့ရ တော့ပါ။

ဦးအောင်ဆုသည် ပဌာန်းဆက်အရ အစ်မတော် မြနန်းနွယ်နှင့်မောင်နှမတော်စပ်ပါသည်။မြနန်းနွယ် သည်တစ်ချိန်က ဗိုလ်တထောင်စေတီတော်သို့ သူမကိုယ်တိုင် လာရောက်ပြီး ဘုရားလှူ ဒါန်းခဲ့ပြီး သာသနာပြု ခဲ့သည့် အကြောင်းကို ဆွေတော်မျိုးတော် သိရှိရန် နှင့် မြနန်းနွယ် နှင့် ဗိုလ်တထောင် စေတီ တော်ပဌာန်းဆက်နွယ် မှုရှိသည်ကို သိရှိစေရန် ဦးအောင်ဆု ကိုယ်တိုင် ဗိသုကာ၊ အင်ဂျင်နီယာ အတတ်ပညာ နှင့်ကိုယ်တိုင်ပုံစံ ထုတ်ကာ ရေးဆွဲပြီး မြနန်းနွယ်ကျောင်းတော်ကြီး တည် ဆောင်ပေးခဲ့ပါသည်။
အလှူရှင်မလေး မြနန်းနွယ် ဆိုသောပါရမီရှင်မလေးအား ဘုရားအလှူဒါယိကာမ အဖြစ် နောင်လာ နောင်သားများ အမှတ်တရ သိရှိစေရန် မြနန်းနွယ်ဘုရားကျောင်တော်ကြီးကို ဦးအောင်ဆု တည်ဆောက်ပေးခဲ့ပါသည်။
ဆရာတော်ကြီးများက ကျောင်းဆောင်အတွင်း မြနန်းနွယ်ရုပ်တု ထားသင့်သည်ဟု မယူဆကြောင်း အမိန့် ရှိခဲ့ပါသည်။မြနန်းနွယ်ရုပ်တုအား ထားရှိခွင့်ရရန် ဦးအောင်ဆု မှ ကြိုးစားခဲ့သဖြင့် နောက် ဆုံးတွင် မြနန်းနွယ်ရုပ်တုသည် ဘုရားကျောင်းတော်ကြီးအတွင်း နေရာချထားနိုင်ခဲ့လေသည်။
မြနန်းနွယ်ဘုရားကျောင်းတော်ကြီး ထဲတွင် မြနန်းနွယ်ရုပ်တုကို သူမလှူဒါန်းထားခဲ့သော ဗုဒ္ဓဆင်းတု တော်ကို ဖူးမျှော် နေဟန် ဖြင့်တည်ထားပေးခဲ့ပါသည်။

No comments:

Post a Comment