Sunday, December 30, 2012

ရင်နာခဲ့ရသောနေ့ အပိုင်း (၃)

ဒုတိယအကြိမ် သျှင်ပါကူကို တင်လိုက်တော့ သျှင်ပါကူဆေးရုံက အောက်စီဂျင် ပေးပါတယ်။အောက် စီ ဂျင်တပ်လိုက်တော့ အသက်ရှု ချောင် သွားပါတယ်။နေထိုင်ရကောင်းသွား ပါတယ်။သောက်ဆေးများ ပေးပြီး အိမ်မှာ အောက် ဆီဂျင် ဆောင်ထားပါ။ အသက်ရှုကျပ်လာ လျှင် အောက်စီဂျင်တပ်ပေးပါလို့ပြောတယ်။
ဒါနဲ့ လူနာကို အိမ်မှာ အောက်စီဂျင် တပ်ပေးပါတယ်။အောက်စီဂျင် ဘူးအပေါင်က ကျပ်ငါးသောင်း ပေး ရပြီး အောက်စီဂျင် အရည်ခ ကျပ်လေးထောင်ပေးရပါတယ်။အောက်စီဂျင်လေးထောင် ဘိုးကိုနှစ်ရက် လောက်သုံးရပါတယ်။
နာဂစ်ပြီးစ ကာလမို့ အောက်စီဂျင် ၀ယ်ရခက်ပါတယ်။ဆေးရုံတွေမှာမှာ မရပါဘူး။သည်တော့ ဆေးရုံ ကိုမေးမြန်းပြီး ရောင်းတဲ့ဆိုင်မှာ လိုက်ဝယ်ရပါတယ်။ဒါကြောင့် လူနာသုံးဖို့ တစ်ဘူးအရံထားဖို့တစ်ဘူး ဆိုပြီး ဒေါ်စိန်စိန်ရဲ့ညီမက သူ့ရဲ့ငွေတစ်သိန်း နဲ့ နှစ်ဘူး ၀ယ်လာပါတယ်။ဒါကို သန်းသန်းနဲ့ အေးအေး ကအတင်းဘဲအောက်စီဂျင်တစ်ဘူး ပြန်ပို့ခိုင်းပါတယ်။ဒေါ်စိန်စိန်ညီမလဲ မတတ်သာဘဲ တစ်ဘူးပြန်ပို့ ပါတယ်။
နောက်တနေ့ ညခုနှစ်နာရီ မှာ အောက်စီဂျင် ကုန်သွားပါတယ်။ဒေါ်စိန်စိန် ညီမ ကအေးအေး ကို အောက် စီဂျင် သွားဝယ်ခိုင်းပါတယ်။ကျမသိတဲ့ဆိုင်က ငါးနာရီမှာ ပိတ်တယ်။အခု ၀ယ်လို့မရဘူး လို့ ပြောပါတယ်။ဒါဆို အပိုဆောင်ထားတဲ့အောက်စီဂျင် ကိုငါ့ကို ဘာလို့ပြန်ပို့ခိုင်းတာလဲ လို့မေးတယ်။ကုန်သွားတဲ့ အောက်စီဂျင် ဘူးခွံဟောင်းက အရမ်းလေးတယ်။ဒေါ်စိန်စိန် ညီမလဲ မ,မ နိုင် ဘူး။အကိုအကြီးဆုံး သားကထမ်းပြီး လမ်းထိပ်အထိ ပြေးထွက်ရတယ်။taxi ငှား ပြီးတင် လိုက်တယ်။ ည (၈)နာရီ လောက်မှာ အောက်ဆီဂျင် ဆိုင် ရောက်တော့ မရှိဘူး လို့ပြောတယ်။ ဟိုနေ့ကငါတို့ အောက်စီဂျင် ပြန်အပ်သွားတယ်လေဖြစ်အောင်လုပ်ပေးပါဆိုတော့ မှ ဆိုင် ကအောက်စီဂျင် တစ်ဘူးရောင်းပေးလိုက်တယ်။ဒါနဲ့ အောက်စီဂျင် ရလာပြီး လူနာကို အောက်စီဂျင် တပ်ရပါတယ်။
ဒေါ်စိန်စိန်ညီမ ရှိနေရင် လူနာကို အသက်ဆက်နေမယ်ဆိုတာကို သိသွားပါတယ်။ဒါနဲ့ ဒေါ်စိန်စိန် ညီမ ကိုညဖက် ကော်ဖီတစ်ခွက် လာပေးတယ်။အဲဒီအထဲမှာ ၀မ်းနုတ်ဆေး တွေထည့် လိုက်ပါတယ်။သည် ၀မ်းနုတ်ဆေးကြောင့် ဒေါ်စိန်စိန်ညီမလည်း ၀မ်းဆယ်ခါလောက်သွားပြီး ဒူးချောင်နေလိုအိမ်ပြန်သွား ပါတယ်။နောက်တစ်ရက် နေကောင်းသွားတော့ ဒေါ်စိန်စိန်ညီမပြန်လာပါတယ်။
ဒေါ်စိန်စိန် မောနေတာလဲမသက်သာဘူး။ဒေါ်စိန်စိန်ကသူအသက်ရှုကြပ်လို့ ဆေးရုံတင်ပေးပါ လို့ပြော တယ်။ဒေါ်စိန်စိန်ညီမလဲ သားသမီး အားလုံးကိုပြောပြီးဆေးရုံတင်လိုက်ပါတယ်။ရွှေဗဟိုဆေးရုံက ကားကိုခေါ်ပြီးသျှင်ပါကူကိုတင်လိုက်ပါတယ်။သျှင်ပါကူ ရောက်တော့ နှာခေါင်းအုပ်တဲ့ အောက်စီဂျင် နဲ့ ပေးလိုက်တာ အရမ်းလန်းသွားပါတယ်။လူနာက ၀မ်းသာစွာ ထထိုင်ပါတယ်။အိမ်မှာက ပိုက်နဲ့ အောက်စီဂျင် ကိုနည်းနည်းဘဲဖွင့်ပေးတာကို၊ဆေးရုံမှာက နှာခေါင်းအုပ် အောက်စီဂျင် ကို အများ ကြီး ဖွင့်ထားတာလေ။ဒေါ်စိန်စိန်က ငါအရမ်းသက်သာသွားပြီ။သည်လောက်သက်သာရင် တော်ပါပြီ လို့ပြုံးရွှင်စွာပြောတယ်။
လူနာကို တွန်းလှည်းနဲ့ ဓါတ်လှေခါး ကတဆင့် အပေါ်ထပ်ကို ပို့ လိုက်တယ်။အိမ်ကပါလာတဲ့ အောက်စီ ဂျင်ဘူးခွံကို အိမ်ပြန် ပို့ပါလို့ အေးအေးက စန်းစန်း ကို ပြောတယ်။စန်းစန်း လဲ အောက်စီဂျင် ဘူးခွံဟောင်း ကိုသယ်ပြီး အိမ်ကို ပြန်လာပါတယ်။အိမ်မှာရှိတဲ့ ဒေါ်စိန်စိန် ညီမ ကို ပြန်ခေါ်ပြီး ဆေးရုံ  ပြန်လာ ခဲ့တယ်။ဆေးရုံ ရောက်တော့ လူနာဒေါ်စိန်စိန် ရှိုက်ကြီးတငင် ငို နေတာကိုတွေ့တယ်။အရမ်းဝမ်းနည်း ပြီးငိုနေတာကိုတွေ့တယ်။
ဒေါ်စိန်စိန်ရဲ့သမီး အေးအေးက ဒေါ်စိန်စိန်ကို ဆရာဝန်ကြီးကပြောတယ်လူနာ ကမရတောဘူး ဆို တာကို ဘာလို့ခေါ်လာတာလဲဆိုပြီးဆရာဝန်ကြီးကဆူနေတယ်လို့ပြောလိုက်တယ်။
လူနာက တဖြည်းဖြည်းငြိမ်သွားတယ်။စကားလဲမပြောတော့ဘူး။ခေါ်ရင်လဲမထူတော့ဘူး။

Thursday, December 27, 2012

ရင်နာခဲ့ရတဲ့နေ့တနေ့ အပိုင်း ၂

ဒေါ်စိန်စိန် ဆုံးသွားပြီး နောက်သားသမီး တွေက အိမ်ရှေ့ဗွက်တွေ ရှိနေတာ ကို ညတွင်းချင်း သံမံသလင်း ခင်းဖို့ လုပ်ကြပါတယ်။ဧည့်သည်တွေ မနက်လာတော့မှာလေ။နေမကောင်းတုံးက တက်ကြွမှုမရှိ သလောက် ဆုံးသွားပြီးတော့ သံမံသလင်း ကိုညသန်းကောင်တိုင် မီးထွန်းပြီး ခင်းကြ တယ် ၊သံမံသလင်းခင်းပြီးကာ ရှိသေး မိုးကရွာ ချလိုက်တော့ ပလပ်စတစ်တွေ လိုက်အုပ်ကြတယ်။
ဒေါ်စိန်စိန်နေကောင်းစဉ် ဒုတိယသမီး စန်းစန်းက ဟဲ့ အမေက အသက်(၅၀)လဲ မဟုတ်ဘူး ၊အသက် (၆၀) လည်းမဟုတ်ဘူး၊အသက်(၇၇) နှစ်ဖြစ်နေပြီ ရုံးမှာ အလုပ်လုပ်ရင် အသက် (၆၀) ဆို ပင်စင် ပေး တယ်၊နင်တို့ အမေကို ချက်ပြုတ်ကြော်လှော်ခိုင်းတာရပ်သင့်ပြီလို့ ပြောတော့ တတိယ သမီး အေးအေး က ၀င်ပြောတယ်၊မချက်ရင် မစားနဲ့ပေါ့လို့ပြောတယ်။
ဒေါ်စိန်စိန်က ပြောတယ်၊နင်တို့ ကျောင်းတက်မှီဖို့ ရုံးတက်မီဖို့ ကို ငါ မနက် အိမ်သာတက်ချင် တာတောင် အောင့်ထားပြီး ထမင်းချိုင့်မီအောင်လုပ်ပေးတယ်လို့ ပြောလည်းနားမ၀င်ဘူး၊ကိုယ့် မိသားစု အရေးဘဲခေါင်းထဲထည့်ထားတယ်။သူတို့ အမေ့အတွက် မစဉ်းစားဘူး။
ဒေါ်စိန်စိန် လေဖြန်းသွားတော့ လမ်းမလျှောက်နိုင်ပါဘူး။ဒါကို မတွဲကြဘူး။ဒေါ်စိန်စိန်ညီမ တွေက တွဲပြီး အိမ်သာကို ခေါ်သွားရင် မကြိုက်ဘူး။သူ့အား သူကိုး မှ ပြန်ကောင်းမှာ ဆိုပြီး ဖင်တရွတ်တိုက် ဆွဲ ပြီးသွားခိုင်းတယ်။အသက် (၇၇)နှစ်ရှိ တဲ့ အမေအို ကြီးက ဖင်တရွတ်တိုက်ဆွဲပြီး ဆီးသွားရ ၀မ်းသွား ရတာကို သမီးအကြီးနဲ့ သမက်ဖြစ်သူ က ၀မ်းသာ အားရ စွာကြည့်ပြီး ကျေနပ်နေတယ်.။
ဖင်တရွတ်တိုက်ဆွဲလက်နှစ်ဖက် အားပြုပြီး သွားရဖန်များတော့ လက်တွေယောင်လာပါတယ်ဒါပေမဲ့ သမီးကြီး သန်းသန်း နဲ့ သူ့ယောင်္ကျားက တွဲ ခွင့်မပေးဘူး။တွဲတဲ့လူကိုဆူတယ်။သူ့အားသူကိုး မှမြန်မြန် ပြန်ကောင်းမှာလို့ပြောတယ်။
သူတို့ရဲ့ ပြုမူပုံက သည်လူနဲ့ နောက်တခါ ပြန်ဆုံစရာ မဟုတ်တော့ လုပ်ချင်တာ လုပ်လိုက်တာဘဲ။ ကိုယ်မကောင်း တာလုပ်တာကို သေသွားတဲ့လူက ကျန်နေခဲ့တဲ့လူကို ပြန်ပြောနိုင်မှာ မဟုတ်တာ၊ ဒါကြောင့် သည်လိုရက်စက်လိုက်တာပေါ့။
ဒါပေမဲ့ အကုသိုလ်ဆိုတာ ပျောက်သွားမှ မဟုတ်တာ။သမီးကြီးရဲ့တန်ဖိုးထားရတဲ့ချွေးမ အသက်(၂၈) နှစ် သားဦး မွေးရင်း ချက်ခြင်းဆုံးသွားတယ်။သမီးအကြီး သန်းသန်းလည်းငိုရင်း တက်သွားပါတယ်။မွေးကင်းစကလေး ကိုရင်မှာ ပိုက်ရင်း ကျန်ရစ်သူ သူ့သားကြီး ကြည့်ရင်းအားလုံး ကသံဝေဂ ရပါတယ်။သူ့အဖွားဆေးရုံတက်တာကို မသွားတဲ့မြေးကြီးက သူ့မိန်းမဆေးရုံမှာ တက် တော့ ညအိပ်ညနေ (၁၄)ရက်လောက်နေရပါတယ်။သူတို့ မိသားစု သင်္ချိုင်းကို လူစုံတက်စုံ ပို့ကြပါတယ်။

Sunday, December 23, 2012

Cancer ကင်ဆာ

နတ်သမီးငယ်ငယ်က အရမ်းစပ်စုပါတယ်။အသက်(၁၂)နှစ်လောက်မှာ အမေတို့စကား ထဲသေမင်း ဆိုတာ ပါလာတယ်။နတ်သမီးလည်း သေမင်း ဆိုတာ ဘာလဲလို့ မေးတယ်။အမေက သေမင်းဆိုတာ အသက်ကိုလာနုတ်တာတဲ့။
သေမင်းက အသက်လာနုတ်ဖို့ အိမ်ပေါ်တက်လာရင် လူတွေကသေမင်း ကိုဝိုင်းရိုက်တယ်။သေမင်း က ဘုရား ကိုပြန်ပြောတယ်။သူ့ကို လူတွေက အသက်သွားနုတ်တိုင်း ၀ိုင်းရိုက်တယ်။
ဘုရားက ဒီအတိုင်အသက်မနုတ်တော့ဘူး နှလုံးရောဂါ ကင်ဆာရောဂါ သွေးတိုးရောဂါ အကြောင်းအမျိုး မျိုးပေးပြီး သေမင်းကို လူမမြင်အောင်လွှတ်လိုက်လို့ သမီးမမြင်ရတာလို့ပြောပြတယ်။
ခုကြီးလာတော့သေမင်းအကြောင်းစဉ်းစားမိတာ။
ကျားဆိုတဲ့သေမင်းက ကိုယ်တို့နောက် ကိုသဲသဲမဲမဲ လိုက်နေတယ်။ကျားလိုက်လို့ပြေးနေတဲ့သူ တယောက် ကဆူးခြစ်တာ ကိုပုံကြီးချဲ့မနေတော့ပါဘူး။
သေမင်းက လိုက်နေတာကို ကဲ့ရဲ့ခြင်း ချီးမွှမ်းခြင်းတွေ ကိုလှည့်မကြည့်အားဘူး။ဘ၀ ဆိုတာ ခဏလေး လို့ သိလိုက်ရတော့ အားလုံးပုံကြီးမချဲချင်ဘူး။
လူဆိုတာ လောကရဲ့ဧည့်သည်ပါ။ဧည့်သယ်ဆိုတာ အမြဲနေခွင့် မရှိဘူး။
ကံကုန် မိုးချုပ်သုတ်သုတ်လေးနှင်ရပါတယ်။လောကကြီးက ရွာကဇရပ်နဲ့တူပါတယ်။လာသူလဲရှိတယ် ပြန်သူလဲရှိတယ်။ငိုကြွေးခွင့် မရှိပါဘူး။
လေးလေးပင်ပင်မထားပါနဲ့။အလွာအသီးသီးက ဇရပ်ပေါ်တက်နားတာပါ။ဖိတ်ခေါ်ခွင့်လဲမရှိ၊တား ဆီးခွင့်လဲမရှိပါ။နှလုံးသွင်းမမှားဖို့လိုမယ်။
အရာရာဟာ အခိုက်အတန့်ပါလို့နှလုံးသွင်းရမယ်။
ကလေးတယောက်က ဂိမ်းကစားရင်း နဲ့ မိုနိုပိုလီ ပေါ်က ဟိုတယ်ကို သူများက ၀ယ်သွားတော့ သည်ကလေးက အကြီးအကျယ်ဆဲနေတယ်။သူကြည့်ပြီးရင်မောတယ်။
ဘ၀ဇတ်ခုံမှာ ဆိုးတဲ့လောကဓံ ကြုံလာတာကို သည်ကလေး လိုအော်ကြီးဟစ်ကျယ် ငိုနေဦးမှာလား
အခိုက်အတန့် လောကရဲ့ဧည့်သည်လို့နှလုံးသွင်းရမယ်။

ဒေါက်တာမစမ်ထွေးကဖုန်းဆက်တယ်။ခင်မေဇင် ကင်ဆာနဲ့ဆုံးတယ်လို့ပြောတယ်။
ကိုပြားက ဆိုက်ကယ်စီးပြီး လေယာဉ်ပျံကြောင့်အသက်ဆုံးတယ်။သေမင်းလည်း အကြောင်းပြချက်တွေ ဟောင်းလာလို့ နာမည်အဆန်းထွင်လိုက်တာပါ။

Saturday, December 22, 2012

ံHealthy Life Style


Healthy Life Style
ကျန်းမာသော လူနေမှု ပုံစံ

(၁) BMI အ၀လွန်ခြင်း
(၂) သွေးတိုး
(၃) သွေးချို
(၄) သွေးတွင်းအဆီ
(၅) အထိုင်များခြင်း
(၆) အအိပ်များခြင်း
(၇) အချိန်ကြာမြင့်စွာကွန်ပျူတာသုံးခြင်း
(၈)တော်ရုံခရီး လမ်းမလျှောက်ဘဲကားစီးခြင်း
(၉) နေ့စဉ်နာရီဝက်လမ်းလျောက်ခြင်း

အမှတ်(၉) မှတ်ရပါက သင်သည် ကျန်းမာသော လူနေမှု ပုံစံ ရှိနေပါသည်။

Thursday, December 20, 2012

ECG နှင့်နှလုံးသွေးကြောကျဉ်းရောဂါ












ECG သည်နှလုံးသွေးကြောကျဉ်းသည်ကို ပြသည်။ယခင်ပိတ်ဖူး သည်ကိုလည်းပြသည်။ ECG ၏ အပြောင်းလဲသည် သွေးကြောကျဉ်းနေ ပိတ်နေတာကို တိုက် ရိုက်ပြသည် မဟုတ်။နှ လုံးသွေးကြော ရောဂါ ကြောင့် နှလုံးကြွက်သား တို့ တွင်သွေးစီးဝင်မှု နည်းခြင်း နှလုံးကြွက်သားတို့ သွေးနှင့်အဟာရ မရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့်အပြောင်းအလဲ ကို သာပြခြင်းဖြစ်သည်။
ECG အပြောင်းအလဲတွေ့တိုင်း နှလုံးသွေးကြောကျဉ်းသည်ဟု မပြောနိုင်သကဲ့သို့ ဆိုးဆိုးရွားရွား နှလုံး ကျဉ်းစေကာမူ ECG ပုံမှန်ဖြစ်နေတတ်သည်။ရင်ဘတ်နာ၊ECG အပြောင်းအလဲတွေ့ လျင်နှလုံး သွေးကြော ကျဉ်းရောဂါဟုသတ်မှတ်ကုသလေ့ရှိသည်။သွေး တိုးရောဂါသည်နှလုံးသွေးကြော ရောဂါကို ဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်ပါသည်။
 သွေးချိုရောဂါ သည် နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှုကို အားပေးသည်။သွေးတွင်အဆီများ ခြင်းသည် နှလုံးသွေးကြော ရောဂါ ကို ဖြစ်စေပါသည်။

နှလုံးသွေးကြောပိတ်ပြီဆိုလျင် မိမိအိမ်နှင့် နီးရာအချိန်တိုအတွင်း ရောက်နိုင်မည့်ဆေးရုံသို့ သာ အရာက်သွားရမည်။အရေးပေါ်ကုသပြီးလျင် ဆေးခန်းတွင် အချိန်ကြာမြင့်စွာ ကုသခြင်း ထက် ဆေးရုံ သို့ပြောင်းရွှေ့သင့်သည်။
သကြားရည် အချိုရည် နှင့်ဆန်ဂျုံ တို ကို အလွန်အကျွံမစားရန်သတိပြုသင့်သည်။တိရစာန်အဆီနှင့် တိရစာန်ကလီစာ ငါးရှဉ် ပုစွန် ဥ တို့ကို လျော့စားပါ။ဟင်းသီးဟင်းရွက်များများစားပါ။
နေ့စဉ် အားကစားလုပ်ခြင်းသည် သွေးတွင်း အဆီများကို ကာကွယ်စေပါသည်။နှ လုံးသွေးကြောကျယ် စေပါသည်။အရန်သွေးကြောများကို ပွားစေပါသည်။
သွေးတွင်းအဆီမျိုးစုံကိုပြသည့် Lipid Profile ကိုစစ်သင့်သည်။
Atherosclerosis ခေါ် နှလုံးသွေးကြောမာ ခြင်းထူခြင်း၊ကျဉ်းခြင်းသည် အသက်ငယ်ရွယ်စဉ် ကတည်းက တဖြည်းဖြည်းချင်းစသည့်ဖြစ်စဉ် ဟုဆိုသည်။ထူပြီးမာနေသော သွေးကြောများ သည်ပိတ် ရန် အလားအလာနည်းသည်။သွေးကြောနံရံချိုးများက ခပ်ဖွယ်ဖွယ် ပွပွ ပျော့ပျော့ဖြစ်နေပါ က သွေးကြော ပိတ်ရန်အလားအလာပိုများသည်။
နှလုံးသွေးကြော ပိတ်ဖူးသူသည် Aspirin သွေးကြဲဆေးကို တသက်လုံး သောက် ရန်လိုသည်။
ှနှလုံးသွေးကြောကျဉ်းရောဂါသည် ကျဉ်းရာမှ ရုတ်တရက် ပိတ်သွားနိုင်သည်။ရုတ်တရက် နှလုံးခုန် ရပ်ခြင်းများဖြစ်စေပြီးအသက်ဆုံးရှုံးနိုင်သည်။
ရင်ဘတ်အောင့်သက်သာ စေသည့် ဆေးကိုသာ သောက်ပြီး နှလုံးသွေးကြောပိတ်ကာကွယ်သည့် ဆေး ကိုမသောက်ပါက အချိန်မရွေး နှလုံး သွေးကြော ပိတ်နိုင်သည်။အသက် ဆုံးရှုံးနိုင်သည်ကို သိထားသင့် သည်။













Sunday, December 16, 2012

မာယာက အချစ်မဟုတ်

မာယာတွေကြား ဗျာများပြီး အချစ်လို့ထင်နေလား လေပွေရိုင်းဟာပန်းကိုခြွေတယ်မြတ်နိုးလို့မဟုတ် လေနီကြမ်းကဇလပ်ပန်းကိုချိုးလိုက်တယ် ချစ်လို့မဟုတ် ခဏတာဖြတ်သွားခိုက် မိုက်ခနဲဖြစ်သွားတယ်ဒါအချစ်မဟုတ် အရှည်ကြာကြီးတိုက်တဲ့လေအေးအေးက ဘဝရှေ့ရေးအတွက်ထာဝရပါ မာယာကိုမရှောင်နိုင်ရင် မာယာကလှောင်သွားမယ် မာယာနဲ့အချစ် ဆန်းစစ်ဖို့မင်းလိုပြီ မာယာရိုင်းမှာအချစ်လှိုင်းစီး လှိုင်းကြီးတွေကြားမှာဘဝနဲ့လဲလိုက်ရမယ် ကြာနေရင် နေ့သစ်တွေဝေး ပေးဆပ်ရမဲ့အချိန်တွေကိုလေ ဝင်္ကပါလမ်းမှာစမ်းတဝါးဝါးလမ်းပျောက်နေတာ အချစ်ရွာလည်တယ်လို့မင်းမြင်နေလား ကျောလှည့်ရင်မင်းလာရာလမ်းပေါ့ အလှမ်းခက်နေလား နတ်သမီး ၃၀ ၁၀ ၂၀၁၂ ကောင်မလေးတယောက်ကတောင်းဆိုတာ ခြေရှုပ်နေတဲ့အဝေးရောက်သူ့ကောင်လေး အတွက် ရေးပေးပါဆိုလို

လွမ်းနေမယ်

ကမ္ဘာခြားလည်း လွမ်းနေမယ်မောင်
ထားခဲ့မယ်ဆိုလည်း တားနေမဲ့သူမဟုတ်ပါလည်ပြန်တစ်ချက်ကြည့်ရင်တောင် ကျေနပ်မှာပါမောင်သံယောဇင်ကြိုး တိုးလို့လည်းမချည်ချင် နေဝင်ရင် အလွမ်းတွေပွား  ထားရက်လေသလားတွေ့မရလို့  မေ့ရခက်ပြီ အလှမ်းဝေးမှန်း  အမြဲတမ်းသိတယ်။မတားခဲ့တာက  ဗျာများမှာစိုးလို့ပါ ဂရုဏာတွေထား  လွမ်းအားတွေပိုနဲ့မောင်အနားရှိမှ  ချစ်မိတာမဟုတ် ကမ္ဘာခြားလည်း  ချစ်နေမယ်မောင်။နတ်သမီး ၃၀ ၁၀ ၂၀၁၂

အရှားဆုံး

အရှားဆုံပစ္စည်း

မိဘက သားသမီးကိုရှာကျွေးတာ မဆန်းပါ။
 သားသမီးက မိဘကို ရှာကြွေးတာ အ ရှိတော့ရှိတယ်။အရမ်းရှားတယ်။ 

အခက်ဆုံးအရာ

ငါ အသက်ရှင်နေသရွေ လမ်းခင်း တံတားဆောက် ဇရပ်ကြီးလှုနိုင်ပါတယ်။အရမ်းလွယ်ပါတယ် အခက်ဆုံးအရာက သေသွားတဲ့ မိဘကို ထမင်းတနပ်ကျွေးတာ 

အကုသိုလ်ဘယ်လောက်စုမိပြီလဲ


ရှာထားတဲ့ငွေ ဝယ်ထားတဲ့တိုက် 
သင်သေသွားရင် ယူသွားလို့ မရဘူး 
သေသွားရင် ယူသွားလို့ရတာက  အကုသိုလ် 
မင်း အကုသိုလ် ဘယ်လောက်စုမိပြီလဲ
  
အဖေပြောသောပုံပြင်များနှင့်မေမေအဆိုအမိန့် များကြောင့် နတ်သမီး  မိကောင်းဖခင်သားသမီးအဖြစ်ရောက်ခဲ့ပါသည်

ဖေဖေပြောသောပုံပြင် (၁)

ဖေဖေပြောသောပုံပြင်များ
 နတ်သမီးကဗေဒင်တိုယတြာတိုကိုမယုံဘူး။ကံကိုတော့ ယုံတယ်။ကံဆိုးတဲ့အချိန် ကံကောင်းတဲ့အချိန်ကိုတော့ယုံ ပါတယ်။ ဒီသစ်ရွက်လေးဆောင်ထား။ မင်းရာထူးတိုးလိမ့်မယ်။မင်း စာမေးပွဲအောင် လိမ့်မယ်ဆိုပြီးယတြာချေတာ ကိုတော့မယုံဘူး။ မင်းကောင်းအောင်နေ။ အလှုအတန်းလုပ်။ မုသားမပြောနဲ့ iလာဘ်မစားနဲ။ဆရာဆရာမ မိဘကိုရိုရိုသေသေနေဆိုတဲ့ ယတြာကိုတော့ယုံပါတယ်။ အဖေကပြောတယ်။အပူစာမစားပါနဲ့။သူများမပေးချင်ဘဲ ပေးရတဲ့ငွေကိုမစားပါနဲ့။ ဒါဟာမစင်ကြယ်တဲ့ငွေ။မစင် ကြယ်တဲ့ငွေကိုစားတာ မစင် ကိုစားတာနဲ့တူတယ်လိုပြော တယ်။ နောက်တခုကဘယ်တော့မှသုဘရာမလုပ်ပါနဲ့။မျိုးရိုးနိမ့် သွားမယ်။သူတပါးအသက်သေမှထမင်းစားရတာကိုပြော တာပါ။ လူနဲ့တိရိဆ္ဆန်တကောင် ကိုတောင်မသတ်ဖူးပါ။လောကမှာအရေးကြီး ဆုံးကသီလလိုပြောပါတယ်။ သီလ လုံအောင်ထိန်းရင်သေသွားရင်တောင်နာမည်ဆိုးမကျန်ရစ်ဖူး လို့ပြောပါတယ်။
သူတပါးက ကိုယ့်ကို မပေးချင်ဘဲ ပေးရတဲ့ငွေကို အပူစာ ဖေဖေ ကပြောတယ်။သမီး အအေးစာဘဲ ရှာ စားပါလို့ပြောတယ်။ 
 ဖိနပ်ချုပ်သူတယောက်ကငယ်စဉ်ထဲကဖိနပ်ချုပ်တယ်။ အသက်အရွယ်ရလာတော့သူစဉ်းမိတယ်။သူများတွေဘု ရားသွား ဥပုတ်သီလဆောက်ကြတယ်။ ငါကနေ့စဉ်ဖိနပ် ချုပ်နေရတယ်။တရားလဲမသိ ငါသေရင်ငရဲပြည်ရောက် မှာလို့စဉ်းစားတယ်။အမြဲတန်းဘုရား သွားနေတဲ့မိတ်ဆွေ ကိုအကူအညီတောင်းတယ်။ ကျွန်တော်ကုသိုလ်လိုချင်လို့ တရားပြပေးပါလို့ပြောတယ်။ခင်ဗျားကညဏ်ရည်နိမ့်တော့  လွယ်တာဘဲသင်ပေးလိုက်တယ်။စာတစ်ကြောင်းဘဲ။ဒီစာ ကိုရွတ်ဖတ်ရင် နိဗ္ဗာန်ရောက် ပြီလို့ပြောတတပည့်တော်တရားစာမျိုးစုံနှံ့စပ်အောင် သိပြီးရွတ်ဆိုနေတာ ဘာကြောင့်သူလိုမျိုးမဖြစ်တာလဲ ဆိုပြီးလျောက်တယ်။ ဒကာကသူ့ကိုမင်းနိဗ္ဗာန်ရောက်မှာ ဆိုပြီးပြောတာကိုဖိနပ် ချုပ်သမားကလုံးဝယုံကြည်ပြီးတရားထိုင်တာ။နောက်တခု သူ့အသက်မွေးဝမ်းကြောင်းကစင်ကြယ်တယ်။ ဒကာသီလစင်ကြယ် ပါသလားလို့မေးတော့မစင်ကြယ်ပါ ဘုရားလို့ပြောတယ်။ သီလစင်ကြယ်ခြင်းနဲ့ ဘယ်လိုသက်ဆိုင်ပါလဲ ဘုရားလို့ လျောက်ထားတယ်။ ဘုန်းကြီးကျောင်းရဲ့သောက်ရေကန်ရေဘုံဘိုင် မှာဒကာ ကြီး ကရွှံလူးနေတဲ့ခွက်နဲ့ရေ လာခံရင်ရေညစ်ဘဲသောက်ရ မှာပေါ့။ ဖိနပ်ချုပ်သူကသန့်တဲ့ခွက်နဲ့လာခံတာရေသန့် သောက်ရ မှာပေါ့။ ဒကာကြီးသူတပါး ပစ္စည်းများကိုမစင်ကြယ်နည်းနဲ့ ရယူထားရင်နိဗ္ဗာန်နဲ့ဝေးပါတယ်။ နာမည်လဲဆိုးပါတယ်လို့ မိန့်ကြားတော်မူပါတယ်။ယ်။ဖိနပ်ချုပ်သ မားက သဲသောင်ပြင်ထိုင်ပြီးတနေ့လုံး ရွတ်ဖတ်တယ်။ ပင်လယ်ကမ်းစပ်မှာ ရေတွေကတဖြည်းဖြည်းတက်လာပြီးရေ ပေါ်မှာဖိနပ်ချုပ်သမား တင်ပလင်ခွေထိုင်နေတာကိုတွေ့ရ တော့သူမိတ်ဆွေလဲအံ့သြနေတယ်။ ဖိနပ်ချုပ်သမားရဲ့မိတ်ဆွေကသူ့ဆရာတော်ဆီကိုသွား ပြီး လျောက်တယ်။ 

အသက်ရှည်သောနည်းလမ်းများ

နတ်သမီးအဖိုးကအသက်( ၈၁) နှစ်မှာဆုံးပါတယ်။နတ်သမီး အဖွားကအသက် (၈၉) နှစ်မှာဆုံးပါတယ်။အဖွားဆိုရင်ကြီး ကြီးမားမားရောဂါတခါမှမဖြစ်ခဲ့ဘူးပါ။အဖွားကအသက်ကို ဥာဏ်စောင့်တယ်။ ဥစ္စာကိုကံစောင့်တယ်လိုပြောလေ့ရှိ တယ်။အဖွားက ကံ ဥတု အဟာရ စိတ် အကြောင်းကိုပြော ပြပါတယ်။အဖွားက ရာသီဥတုအေးတဲ့အခါနွေးအောင်နေ ပြီး ပူလွန်းတဲ့ရာသီ မှာအေးအောင်ဝတ်စားလေ့ရှိတယ်။ မိုးတွင်းမှာမိုးမိတာနဲ့နွေးအောင်ဂျင်း လဘက်ရည်သောက် ပါတယ်။ဟင်းသီးဟင်းရွက်များများစားလေ့ရှိပြီးအသား စားတာနည်းပါတယ်။အသားချက်တဲ့ အခါမှာဂျင်း ဆနွင်း ကြက်သွန်ဖြူ အများကြီး ထည့်ပြီးနှပ် ထားလေ့ရှိ တယ်။ ရေများ များသောက် လေ့ ရှိ တယ်။ တိုင်းရင်းဆေး ဝမ်းပျော့ ဆေးကို လေးရက် တခါလောက်သောက်လေ့ရှိတယ်။ နံနက်တိုင်းအချိန်ပေးပြီးအိမ်သာထိုင်တယ်။ငရုပ်သီးကို နေလှမ်းပြီးသံငရုပ်ဆုံနဲ့ထောင်းပြီးသုံးတယ်။ရယ်ဒီမိတ် တခါမှမစားပါ။ ဈေးသွားရင် အရမ်းလပ်ဆပ်တဲ့ အသီးအရွက် သာဝယ်ချက်ပါတယ်။ အဖွားအကြိုက်ဆုံးဟင်းက ငရံ့နဲ့ ဒန့်ဒလွန်သီး ဟင်းဖြစ်ပါတယ်။ခြေလေးချောင်းစားလေ့မရှိပါ။အသီးအ ရွက်စုံအောင် တနေ့တမျိုးပြောင်းချက်ပါတယ်။တပတ်တစ် ကြိမ် ကြက်ဟင်းခါးသီး ကိုပုစွန်ချောက် များများထည့်ပြီး ကြော်ပြီးကျွေးပါသည်။အသီးအရွက် ကိုစုံအောင်စားရတယ်။နင်တို့ပြောတဲ့ A B C D ဓါတ်တွေ ငါ မသိဘူး၊အဖွားက နံနက်စောစော ထပြီး မကျည်းဖျော် ရည်သောက် ပါသည်။ နေ့စဉ် ခိုစာကျွေး တာ စာကလေးအတွက်စပါးတွဲချိတ်တာလုပ်ပါတယ်။နေ့ခင်းတွင် ခဏမျှ အိပ်ပါ သည်။  ပြာယာခတ်ပြီးမနေပါ။နတ်သမီးသက်တန်းတလျောက် အဖွား ရန်ဖြစ်တာမတွေ့ပါ။ သဒ္ဒါတရားထက်သန်ပါသည်။ နောက်တခုက တချိန်ကုန် အလုပ် လုပ်နေတတ်ပါတယ်။ အလုပ်နဲ့လက်နဲ့မပြတ်ပါ။ နင့်အဖွား မရှိရင်အိမ်လည်း သပ်သပ်ယပ်ရှိမှာ မဟုတ်ဘူးလို့ပြောတယ်။ လဘက်ရည်လည်း ကြိုက်ပါတယ်။အမြဲတမ်းသပ်သပ်ယပ်ယပ်ဝတ်လေ့ရှိပါ တယ်။အဖွားကို သောက်ရန် ပေးထားတဲ့အကိုက် အခဲပျောက် ဆေး ချောင်းဆိုးပျောက်ဆေး နှာစေပျောက်ဆေးများကို အခြားသူ များကယူသောက် ကြပါသည်။သူများကိုမပေးပါနဲ့ အဖွားဆိုတော့ အဖွား ကဆေး ဆိုတာ ကိုကိုယ်က မသောက် ဘဲ သူများယူသောက်သွားရင် ကိုယ်က ရောဂါ မဖြစ်ဘူးလို့ ပြောတယ်။အဖွားက ကရင်သွေး တ၀က်ပါပါတယ်။ အဖွားခြံမှာ သစ်ပင်များ စိမ်းလန်းနေပြီး လေကောင်း လေသန့်ရပါသည်။ဥတု အဟာရ စိတ် ကောင်းစွာနားလည် လို့အဖွားအသက်ရှည်တာလို့ဆိုချင်ပါသည်။

ဖေဖေပြောသောပုံပြင်

ရွာတရွာက လူ ၇ဦး ကောက်စိုက်ပြီး ပြန်လာရာ လယ် ကွင်းတွေနားရောက်တော့ မိုးရွာ လာတယ်။ လျပ်စီးတွေ လက်ပြီး မိုးကြိုးပစ်တယ်။မိုးကြိုးကသူတို့ ၇ ယောက် နား ကိုပစ်တယ်။သူတို့လည်း ဆက်သွားတယ်၊ ဒါပေမဲ့မိုးကြိုး ကသူတို့အနီးကို ပစ်တယ်။ငါတို့ ၇ ယောက်မှာ ဆိုးတဲ့လူ တယောက် ပါနေလို့ မိုးကြိုးပစ်နေတာ။ ဟိုအဝေးက သရက်ပင် ဆီကို တစ်ဦးစီ ပြေးပြီးပြန်လာမယ်။ ဒီ ၇ ဦး ထဲ က မကောင်းတဲ့လူ သရက်ပင်ဆီ ရောက်သွားတဲ့အချိန် မှာ မိုးကြိုးက သည်လူကို ပစ်မှာ လိုပြောတယ်။ နံပါတ် ၁ လူက သရက်ပင်ဆီ ပြေးပြီးပြန်လာတယ်။ မိုးကြိုး ကမပစ်ဘူး။ နံပါတ် ၂ လူကသရက်ပင် ဆီပြေးပြန် လာတယ်။ မိုးကြိုးမပစ်ဘူး။ သည်လိုနဲ့နံပါတ်  ၆ ကပြေးပြီး ပြန် လာတယ်။ မိုးကြိုးက မပစ်ဘူး။နောက်ဆုံး ပြေးဖို့ကျန်နေ တဲ့ နံပါတ်က ၇ မပြေးရဲတော့ဘူး။ သူ့ကို မိုးကြိုး ပစ်မှာ သေချာနေ လို့။သူက အားလုံးကို တောင်းပန်တယ်။မပြေးပရစေနဲ့။မိုး ကြိုးပစ်မှာစိုးလို့ပါ ဆိုတော့ ကျန် ၆ ယောက် မရဘူး။ မင်း ကတိအတိုင်းဘဲ လို့ပြောတယ်။ နောက်ဆုံးတော့ စိတ်ညစ် ပြီး သရက်ပင် ဆီကိုပြေးတယ်။နံပါတ် ၇ သရက်ပင်ဆီ ရောက်တော့ ကျန် လူ ၆ ယောက် အုပ်စုကို မိုးကြိုးကပစ် တော့တာဘဲ။ အော် ဒီတော့မှ လူကောင်း တယောက်ရဲ့ ကုသိုလ်ကံ က လူ ၆ ယောက်ကို ကယ်ပါလား ဆိုတာ သိလိုက် ရတယ်။ အမေက ထမင်းဝိုင်းမှာ ဟင်းကို သင့်ရုံသာထည့်ကျွေးပြီး ညစာချန်ထားတတ်ပါတယ်။ အဖေက ငါ့သားသမီးတွေကို ကျွေးလိုက်ပါ။ ညစာ ချန်မထားပါနဲ့။ ထပ်ချက်ပေါ့။ ငွေကို ငါရှာတာ မဟုတ်ဘူး။ ငါ့သား သမီးထဲက ဘယ်သူ ကံ ကြောင့် ငွေဝင်တာလဲ မသိဘူး။ ဝလင်အောင် အောင် ကျွေးပါ လို့ပြောတယ်။ သူတို့ ကုသိုလ်ကံနဲ့ သူတို့စားတာ စားပါစေ လို့ပြောတယ်။ မိသားစု ထဲမှာ ကံကောင်းသူ တစ်ဦးပါလာရင် အများက ကောင်းကြိုးခံစားရပါတယ်။

ဗေဒင် (၁)




သူသည် အသက် (၃၅) နှစ် စနေသား ဖြစ်ပါသည်။ စနေဂြိုလ် မှ နာရီလက်တံ အတိုင်း ၁ ၂ ၃ ၄  ရေလျင် (၃၅) မှာ ရာဟု ဂြိုလ် အတွင်း ရောက်နေပါသည်။
ရာဟုဂြိုလ် အတွင်းရောက်နေသော သူများသည် လှလှပပ သပ်သပ် ယပ်ယပ် နေတတ် လာသည်။  ပြင်ဆင်ခြင် စိတ်ရှိလာသည်။ အိမ်ထောင်ရှိလျင် သတိထားရမည်။ သူက ယောင်္ကျားလေး ဆိုတော့ နောက် တယောက် တွေ့နိုင်သည်။ သူကလည်းပြောသည်၊နောက်တယောက်တွေ့နေ ပြီတဲ့  ၊သတိထားရှောင်ပါလို့ ရှောင်နိုင် ပါက ရတနာ ရတတ်ပါသည်။
(၁)  တနင်္ဂနွေဂြိုလ် သည် အိုးအိမ် အသစ် ရတတ်ခြင်း မင်္ဂလာဆောင်ခြင်း ဂုဏ်အောင်မြင် ခြင်းကို ရတတ် သည်။
(၂) တနင်္လာ ဂြိုလ်သို့ ရောက်နေ သူများသည် ၀င်ငွေကောင်းခြင်း ငွေ အမြောက်အများရ ခြင်းများ  ဖြစ်စေ ပါသည်။
(၃) အင်္ဂါဂြိုလ် သို့ရောက် နေသူများ သည် စိတ်ဆင်းရဲမှုများ ဖြစ်စေပါသည်။
(၄) ဗုဒဟူးဂြိုလ် သို့ ရောက်နေသူများ သည် စိတ် ၊ရုပ်ဆင်းရဲခြင်း များဖြစ်စေပါသည်။
(၅) စနေဂြိုလ်သို့ ရောက်နေသူများ သည် ဘေးဆိုးများ စိတ်ညစ်စရာများ ကြုံနိုင်ပါသည်။
(၆) ကြာသာပတေးဂြိုလ် သို့ ရောက်နေ သောသူများသည် လောဘ ဒေါသကြောင့် ပူလောင်နိုင်ပါ သည်။
(၇) ရာဟု သို့ရောက်နေသူ များသည် အပျော်အချစ် များဖြင့် စန်းပွင့်နေပါသည်။
(၈) သောကြာ ဂြိုလ်သို့ရောက် နေသူများသည် စိတ်ပျော်ရွှင်စရာ ဖြင့်ကြုံခြင်း နိုင်ငံခြားခရီး ထွက်ရခြင်း များ ဖြစ်စေပါသည်။

ဗေဒင် (၂)



သင်၏မွေးနေမှာ အင်္ဂါဖြစ်ပြီး အသက် ၂၄ နှစ် ဆိုလျှင် အင်္ဂါ ဂြိုလ်သက်မှ နာရီလက်တံအတိုင်း ၁ ၂ ၃ ၄ ရေတွက်လျှင်၂၄ မှာ  တနင်္လာဂြိုလ် ထဲရောက်နေသဖြင့် သင်သည် ဝင်ငွေ အကောင်းဆုံး အချိန် ဖြစ်ပါသည်။ကျန်မွေးနေ့ရှင်များလည်းအထက်ပါနည်းအတိုင်းတွက် ယူနိုင်ပါသည်။ အဆိုးဆုံးနယ်မှာ အင်္ဂါ ဗုဒ္ဓဟူး စနေ ကြာသာပတေးဖြစ်ပြီးအကောင်းဆုံးနယ်မှာ ရာဟု သောကြာ တနင်္ဂနွေ တနင်္လာဖြစ်ပါသည်။ စတင်မွေးဖွားရာမှယခုအသက်ရွယ်ထိအောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့အတက်အဆင်းတွေ များပါတယ်။တသမတ် တည်းမသွားပါ ဘူးလောကဓံ ၈ ပါးကို လူတိုင်းကြုံရပါတယ်။ အဆိုးဆုံးနယ်လေးခုတွင် သင်ကျရောက်နေလျင် ဦးနှောက်ဖြင့် ဆင်ခြင်သုံး သပ်ပြီးကောင်း စွာနေ ထိုင်မှသာ ကံဆိုးမှု ကိုရှောင်နိုင်ပါမည်။ ကံက ဆိုးနေချိန် ကိုယ်ကထပ် မံဆိုးလျင် အဆိုးပေါ် အဆိုးဆင့်သွားနိုင်သည်။ ကံကောင်းသောနယ် လေးခုတွင် သင်ကျရောက်နေ ပါကပိုမိုကံ ကောင်းအကျိုးဖြစ်ထွန်းရန် ကိလေသာ ရှောင်ရန်လိုအပ်ပါသည်။ ကံကောင်းသော နယ်တွင်ကျရောက်နေချိန်၌မကောင်းမှုများလုပ်နေပါက ကောင်းကြိုးများရသင့် သလောက်မရနိုင်ပါ။ ရာထူးအလွန်မြင့် မားသူများ သည် မကောင်းသောနယ်ကိုရောက်နေချိန်တွင် မကောင်းမှုထပ် မံလုပ်မိသဖြင့်ရာထူးပျောက်သွားသူများရှိပါသည်။ အချိန်ကာလရွေလျားမှုတွေကြားမှာ အတက်အကျပြောင်း လဲမှုတွေကြုံရပါတယ်။ ဒီကလေးမွေးလို့စီးပွားကျတယ် ဆိုတဲ့အယူအဆ ကမမှန်ု ပါဘူး။ လောကဓံအကောင်းလေးခွင်မှာ (၁) ၊ယသော- အခြွေအရံ များတဲ့ကာလ။( ၂ )၊ သုခံ- ချမ်းသာတဲ့ကာလ (၃) ၊ ပသာသံ- ချီးမွှမ်းခံရတဲ့ကာလ။( ၄) ၊ လာဘော- လာဘ်လာဘပေါများ
တဲ့ကာလဖြစ်ပါတယ်။ အဆိုးနယ်လေးခွင်မှာ (၁)၊ အ- ယသော အခြွေအရံနည်းပါး တဲ့ကာလ။ (၂) ၊ ဒုက္ခံ-ဆင်းရဲတဲ့ကာလ (၃) ၊ နိနံ္ဒ- ကဲ့ရဲ့ ခံရတဲ့ ကာလ( ၄ )၊ အ လာဘော- လာဘ်လာဘနည်း ပါးတဲ့ ကာလ တွေဖြစ်ပါတယ်။ အဆိုးနယ်တွင် ကျရောက်နေသူများမှာ မွေးနေ့တွင်ဘုရားရွှေချခြင်း။ ငါးစာကျွေးခြင်း။ ဇီဝိတဒါနဘေးမဲ့လွတ်ခြင်း များပြု လုပ်နိုင်ပါသည်။ အဆိုးနယ်ကျရောက်ချိန် အင်္ဂ်ါသို့အဝင်ကို သတိထားပြီးဆင်ခြင်နေထိုင်ရပါမည် မာနနှင့်မကောင်းမူသည် သင့်ဘဝကို ပျက်စီးစေသော အကြောင်းတရားများဖြစ်ပါသည်။ အကောင်းနယ်ထဲရောက်နေသူများကလည်း ငါကွ ငါတော် လိုက်တာလို့မထင်မှတ်ပါနှင့်။သင်လည်း အချိန်ကုန်လျှင် တဖန် အဆိုးနယ် ထဲရောက်ရမည်။ ဇနီးမောင်နှံများတွင် အကောင်းနယ်ထဲရောက်နေသူက အဆိုးနယ်ကျရောက် နေသူအား အနိုင်ယူ မပြောသင့်ပေ။ အဆိုးနယ်ထဲကျရောက်နေလျှင်လည်း စိတ်ဓါတ်ကျရန် မလို ။ဖြစ်လေ့ဖြစ်ထ ရှိသောလောကဓံတရား လို့ နှလုံးသွင်း ပြီးရင်ဆိုင်ပါ။မကြာခင် အဆိုးနယ်မှလွတ်တော့မည်ဆိုပြီး ရင်ဆိုင်ပါ။ ကံ ကိုကြိုတင်သိရှိလျှင် ကြိုတင်ပြင်ဆင်နိုင်ပါသည်။အသေးစိတ်သိလိုလျင် mail ပို့လိုက်ပါ။ပြန်ဖြေပေးပါမည်။ င်၂၄ မှာ  တနင်္လာဂြိုလ် ထဲရောက်နေသဖြင့် သင်သည် ဝင်ငွေ အကောင်းဆုံး အချိန် ဖြစ်ပါသည်။

ဗေဒင်(၃)



သူကအသက် (၄၉) နှစ် ကြာသာပတေး သား ဖြစ်ပါတယ်။
နတ်သမီး ဒေသတခုကို ပြောင်းရွှေ့အလုပ်လုပ် ရပါ တာယ်။ အိမ်နီးချင်း အမ တယောက်နဲ့ ခင်သွားတယ်
သူက သူ့ယောင်္ကျား ကိုစိုးမြင့် အတွက် တွက်ပေးပါဆိုလို့ တွက်လိုက်တယ်။ ကြာသာပတေး ဂြိုလ် ထဲ ရောက် နေတယ်။ ပြောရရင် အညံ့က လွတ်ပြီပေါ့။ဘာအလုပ်လုပ်လဲ မေးတော့ ယခု ဘာမှ မလုပ်တော့ဘူး၊လွန်ခဲ့တဲ့ တနှစ်က လုပ်တိုင်း အရင်းပြုတ်သွားလို့ ဒီကြားထဲ သူခိုးလဲ ခိုးခံရတယ်လို့ပြောတယ်။
ဟုတ်ပါတယ်။သူ့ဂြိုလ်အရ လွန်ခဲ့တဲ့ တနှစ်က စနေဂြိုလ် ထဲရောက်နေတာပါ။
အမယောင်္ကျား ဦးစိုးမြင့်က အညံ့က လွတ်နေပြီ၊ယခုအလုပ်ပြန်လုပ်လို့ ရပြီ။ဘာမှ ကြောက်မနေနဲ့။ လုပ်ခိုင်း တော့ လို့ပြောရတယ်။
ရပ်ကွက်က လူတွေ ကပြောတယ်၊ ဦးစိုးမြင့် ပြောင်းလာကာစက ကားအကောင်းစား ကြီး စီးနေတာ၊ရွာက လူတွေတောင် ဦးစိုးမြင့် ကိုအားကျအတုယူနေတာလို့ပြောတယ်။
အဲဒီ အမကို တွက်ပေးလိုက်တော့ ဒီအမက တနင်္လာဂြိုလ်ကိုကျော်ပြီး အင်္ဂါဂြိုလ် ၀င်စ အချိန်ဖြစ်တယ်။ အမရေ အမ ဘာဘဲလုပ်လုပ် သတိထားလုပ် အမက အညံ့ထဲ ရောက်နေတယ်လို့ပြောလိုက်တယ်။
နောက်(၂) ရက်လောက်ကြာတော့ ဒီအမ ရောက်လာတယ်။သူကဘုရင့်နောင်မှာပွဲရုံလုပ်တယ်။ ငွေကြို ထုတ်ပေးလိုက်တာ အလိမ် ခံရတယ်ဆို ပြီးလာပြောတယ်။သူကဘာပြောသလဲဆိုရင် သူ့ကို ယတြာ မပေး လိုက်လို့ သူဒီလိုဖြစ်တာတဲ့၊ကောင်းရော

နောက်တခုပြောချင်တာရှိပါတယ်။မိုးဆိုတာ (၁၂)လ လုံးရွာနေတာ မရှိဘူး၊မိုးတွင်း လေးလမှာ မိုးရွာ တာ ကိုစုပြီး မိုးမရွာတဲ့ကာလ မှာထုတ်သုံးပေါ့။ငါအမြဲ ကံကောင်းနေမယ်လို့ မတွက်ထားသင့်ဘူး။
ရုပ်ရှင် မင်းသမီး ထက်ထက်မိုးဦးလည်း အမြဲ ထိပ်မှာ မနေရဘူး။အချိန်တန်ရင် ပြန်ဆင်းရတယ်။ အောက် မှာရောက်နေသူ လည်း အချိန်တန်ရင် ပြန်တက်လာမှာပါ။အနိမ့် ကံမှာရောက်နေရင် ဘာလုပ် ရမလဲလို့ မေးရင်   ပရဟိတ  များများလုပ်ပါလို့ဖြေရမှာဘဲ။

ဗေဒင် (၄)




သူက အသက် (၃၀) နှစ် သောကြာသား ဖြစ်ပါ တယ်။ သောကြာဂြိုလ်မှ နာရီ လက်တံ အတိုင်း (၃၀) အထိ ရေတွက်လျင် သူသည် စနေ ဂြိုလ် ထဲရောက်နေပါသည်။
ဘုရားစောင်းတန်းတွင် ဗေဒင်ခန်းဖွင့်ပြီးဟော နေသော ဗေဒင် ဆရာထံ ဗေဒင် မေးရန် လူ တ ယောက် ရောက်လာပါတယ်။ ဆရာ့ကို ကိတ်ဘူး လက်ဆောင် ပေးလိုက်ပါတယ်။ 
ဆရာက ခင်ဗျား ပင်လယ် ရေကြောင်း နဲ့ သက်ဆိုင်တဲ့ အလုပ်လုပ် နေတဲ့လူ ဟုတ်လား လို့ မေးတယ်။ သူကကျွန်တော်သင်္ဘောသားပါ လို့ပြောတယ်။ကျွန်တော် နောက်အပတ်သဘောင်္ပြန်တက်မှာလို့ ပြော တယ်။
 ဆရာက သူဘယ်ဂြိုလ်ထဲ ရောက်နေသလဲ တွက်ကြည့်လိုက်တော့ စနေဂြိုလ် ထဲရောက် နေတာ တွေ့ တယ်။
ဆရာက မေးတယ်။ ခင်ဗျား ဘာအခက်အခဲ ရှိနေသလဲမေးတော့ ဘာအခက် အခဲ မှမရှိပါဘူး။ သည်အတိုင်း လာမေးတာလို့ပြောတယ်။
ဂြိုလ်အရရော တခြားတွက်ချက် တွေအရ ရော သွက်သွက်ခါအောင် ဆိုးဝါးရမဲ့ အချိန်ပါ။သူ ဘာလို့ ကောင်းနေတာလဲ၊
သူ့အကြောင်း မေးကြည့်တော့ မှ သူပိုင်ဆိုင်သော အိမ် မော်တော်ကား စီးပွားရေးလုပ်ငန်း ကို သူ့ မိန်းမ နာမည် နဲ့ထားတာလို့သိရတယ်။သူ့အမည်ပေါက်တာ တခုမှ မရှိဘူး လို့သိရတယ်။
ဆရာရေ သူက တနေ့တနေ့ ငါဘယ်သူ့ကိုကူညီ ရမလဲ ဆိုပြီးစဉ်းစားနေတာလို့ သူ့မိန်းမက ၀င်ပြော တယ်။
သူ့အကျင့် မှာ သူ့မိတ်ဆွေ ၊အမျိုး၊အမေ၊မောင်နှမ တွေဆီသွားလည် တိုင်း လည်းလက်လွတ် သွားလေ့ မရှိပါ။ စားစရာ၊လက်ဆောင်များယူသွားလေ့ရှိတယ်။ နမိတ်ကောင်းလို့ ယူဆနိုင်ပါတယ်။
ကောင်းသော အလေ့အကျင့် များက သူ့ ကံကို ပြန်မြှင့် ပေးပါတယ်။
ကိုယ် ကံ ဆိုးအောင် ဘယ်သူက လုပ်သလဲ ဆိုရင် ကိုယ်ကိုယ်တိုင် ပါဘဲ။ရာထူး အမြင့် ကြီး က ကျ သွားတာဟာ သူ ဒီအချက် ကိုမသိ လို့ပါ။သူပိုင် ဆိုင်မှုမရှိတော့သူ့မှာ ဆုံးရှုံးစရာ လည်းမရှိပါ။ မကောင်း သောနယ်မှာ ကျရောက်တိုင်း တိုင်းလည်း ငါ ကံဆိုးပြီလို့ မမှတ် ယူပါနှင့်။
ကိုယ် ကအနိမ့်ကံ ရောက်နေ ချိန်တွင် အတူနေသူ (အမေ၊အမ၊ယောင်္ကျား) တို့နှင့် မသင့်မြတ် ပေ။ သူတို့ ကဆိုးနေတာ မဟုတ်။ မိမိ ကံ ကဆိုးနေတာပါ။
ဒါကြောင့် ဒါနက အဆိုးကေိုယ် ပြုသောကံ ကိုယ့်ကံ မို့ လို့ ကံကိုပြင်လို့ ရပါသလား လို့မေးရင် ပြင်လို့ ရပါတယ်လို့ဖြေရမှာပါ။တွကို ပျက်ပြယ် စေပါတယ်။
သီလက ကောင်းကျိုးကို လျင်မြန်စွာ ရစေပါတယ်။

နတ်သမီးရေးတဲ့နတ်သမီးအကြောင်း

ကိုးတန်းရောက်တော့နည်းနည်းပါးပါးသပ်သပ်ရပ်ရပ် နေတတ်လာပြီ။စာကိုလဲကောင်းကောင်းကျက်တတ်လာပြီ။ အမေမပြောခင်ကထဲကစားပွဲဝိုင်းခင်ပြီးစာကျက်တတ်လာ တယ်။အမေကကျောင်းဝတ်စုံ အကောင်းစား နဲ့နာရီဝယ်ပေးတယ်။ရီးစားလဲရလာပါတယ်။ကျောင်းကအချိန်ပိုခေါ်သင်တယ်။ကျောင်းလွတ်ရင် သူငယ်ချင်း အုပ်စုနဲ့ဘုရားသွားကြ တယ်။အထကမှာရီးစားထားတယ်ဆိုတာသူငယ်ချင်းသဘော မျိုးပါဘဲ။ နယ်မြို့လဲဖြစ်တော့ရီးစားနဲ့ရုပ်ရှင်လဲမကြည့်ဖြစ်ပါဘူး။ကျောင်းကိုစောစောလာပြီးကိုယ်ကခုံမှာကိုယ်ထိုင်။ သူက ကော်ရစ်ဒါမှာသူ့ကသူ့ သူငယ်ချင်းတွေနဲ့စုရပ်ပြီးငေးကြည့်ရတာ အကြည့်ချင်း ဆုံယုံလောက်ပါဘဲ။ သူကဘောလုံးလက်ရွေး စင်ဆိုတော့အတန်းမှန်မှန်မတက်ဘူး။စာကညံ့ အတန်း ကမမှန် ဆိုတော့သူက စာအုပ်ငှားရင်းနဲ့ရီးစားစာညှပ်ပေး လိုက်တာ။ သူကအသားဖြူပြီး အရပ်မြင့်တယ်။ဆံပင်ပုံစံကလဲ မိုက်တယ်။ ကိုးတန်းအောင်ပြီးဆယ်တန်းရောက်တော့သူကိုမတွေ့တော့ဘူး။သူရန်ကုန်ကျောင်းကိုပြောင်းသွားတယ်။ ဆယ်တန်းအောင်စာရင်းထွက်ပြီးတော့ရည်းစားရလာတယ် ဆယ်တန်းအောင်ပြီး အမှတ်စာရင်းစောင့်နေတုံး အားနေတာနဲ့သူငယ်ချင်း အိမ်သွားလည် ရင်းရီးစားရလာတာ။ နာမည်က ကိုဝေလွင် သူငယ်ချင်းနဲအတူကိုဝေလွင်အိမ်ကိုသွားဖြစ်တယ်။ ကိုဝေလွင်မှာ အဖေမရှိဘူး။ အမေကရိုးသားတယ် ပျဉ်ထောင်အိမ်ခပ်သေးသေးလေး။ကိုယ်ထင်ထားတာ ထက်ပိုဆင်းရဲတယ်။ ကိုဝေလွင်ကသပ်သပ်ယပ်ယပ် နေတတ်တော့မသိသာပေမဲ့အိမ်မှာဘာပရိဘောဂ အဆာင်အယောင် မရှိဘူး။ဖျာခင်းပြီးထိုင်ကြရတယ်။ ထမင်းစားပွဲဝိုင်းလေးတခုဘဲတွေ့တယ်။ကြိုးစားရင်တချိန်ကျ တိုးတက်လာမှာ။ အနာဂတ်အချိန်တွေ ရှိသေးတယ်လို့စဉ်းစားတယ်။ အမှတ်စာရင်းတွေ ထွက်လာတော့ ရန်ကုန်တက္ကသိုလ် ကိုတက်လိုက်တယ်။ ကိုဝေလွင်ကဗိုလ်သင်တန်းတက်တယ်။ပြင်ဦးလွင်မှာ။ ကိုဝေလွင်ပဲခူးကိုပြန်လာရင်ဆုံဖြစ်တယ်။စာတွေက တပတ်တစောင်ရေးကြတယ်။ကိုဝေလွင်အမေနေမ ကောင်းဖြစ်တယ်။နတ်သမီးလည်းသတင်းမေးသွားရင်း စားစရာမျိုးစုံဝယ်သွားတယ်။ကိုဝေလွင်နဲ့ရီးစားဖြစ်နေ နတ်သမီးအမေလဲသိနေတယ်ဆိုတော့ဘာမှမပြောပါဘူး။ကိုဝေလွင်အမေကိုလစဉ်ထောက်ပံ့တယ်။သူကမတတ် သာလိုယူတာပါ။ ကိုဝေလွင် တတိယနှစ်ရောက်လာတော့ နာရီတလုံးဝယ်ပေးပါလို့ပြောတယ်။နာရီကရိုလက်စ် ဈေး အကြီးဆုံး ဝယ်ပေးလိုက်တယ်။ပြန်ကာနီးမှာနေကာမျက်မှန် ဝယ်ပေးပါဦးပြောတယ်။ဝယ်ပေးလိုက်တယ်။အမေ့ရဲ့ဆေး လိပ်ခုံကဝင်ငွေကောင်းတယ်။အဝေးပြေး ကုန်ကားနှစ်စီး ရှိတော့သည်ငွေကမပြောပလောက်ဘူး။ကိုဝေလွင်ကိုအသုံးအဆောင်တွေမှာ မျက်နှာမငယ်အောင် သူပြန်လာတိုင်းဝယ်ပေးပါတယ်။လစဉ်လည်းသူဆီကို ငွေ ပို့ပေးတယ်။ငွေပို့တာတွေနတ်သမီးအမေလဲသိတယ်။သူ့စာထဲမှာသူ့ သူငယ်ချင်းကျော်ထက်ရီးစားကဘာဝယ် ပေးတယ် ညာဝယ်ပေးတယ်။ လစဉ်ငွေဘယ်လောက်ပို့တယ်ဆိုပြီးငွေအကြောင်းရေးတာများလာတယ်။ နောက် စာတစ်စောင်မှာ သူပဲခူးကအိမ်ကိုပြန်မလာချင်ဘူး။ အိမ်ကလမ်းထဲမှာအစုတ်ဆုံးဖြစ်နေတယယ်လို့ရေးတယ်။ အိမ်ပြန် ပြင်ဆောက်ပေးပါလို့ပြောတယ်။သူ့ဆီကဒီစာဖတ်ရတော့ဘာ့ကြောင့်မှ
န်းမသိဘူးစိတ်ဆိုးသွားတယ်။ ခံစားချက်ကတမျိုးကြီး။

ဘဝင်မကျတာလားမသိဘူး။နတ်သမီးလဲရန်ကုန် တက္ကသိုလ်တက်နေတော့ ရန်ကုန်က သူငယ်ချင်းတွေကို သူ့စာပြလိုက်တယ်။ရန်ကုန်သူတွေကပြတ် သားတယ်။ကိုယ်စားရင်ကိုယ်ရှင်းသမားတွေ။သူတို့ကမင်း လူရဲ့အယူအဆတွေကိုယ်တို့တော့မကြိုက်ဘူး။ယောင်္ကျား ဖြစ်ပြီးချူ စားလွန်းတယ်။ယောက်ခမကို အားကိုးလွန်းတယ် ၊အဲဒါယောက်ပြားလို့ခေါ်တယ်။နတ်သမီးလည်း ရန်ကုန်သူ တွေစကားကြောင့် သူ့ကိုမဆက်သွယ်တောဘူး။

ပဲခူးမှာ လူသိရှင်ကြားတွဲပြီးကျောင်းပြီးသွားရင် လက်ထပ် မယ်လို့ပြောပြီးသွားပြီ။ပဲခူးမှာလူ အတော်များများ သိနေတာ။အမေတို့လဲနေရထိုင်ရခက်မှာ။ကြိတ်ပြီးခံစားရတယ် ဒါနဲ့ပဲခူးကိုစနေ တနင်္ဂနွေ မပြန်ဖြစ်ဘူး။ ရန်ကုန်မှာနေပြီး စိတ်လေနေတယ်။ကိုဝေလွင်နဲ့အဆက်အသွယ်ပြတ်သွား တယ်။နောက်နှစ်လလောက် ကြာတော့ကိုဝေလွင်မန္တလေး ကပိုး ထည်တိုက်ပိုင်ရှင်သမီးနဲ့လက်ထပ်တော့မယ်လို့ပြောတယ် ကလေးတယောက်အမေ လို့ပြောတယ်။ချမ်းသာတယ်လို့ ပြောတယ်။အဆင်ပြေပါစေလို့ဆုတောင်းလိုက် တယ်။ နတ်သမီးလဲပဲခူးမပြန်ချင်တော့ ရန်ကုန်မှာနေတယ်။မြေနီကုန်းမှာသူငယ်ချင်းနှစ်ယောက်နဲ့ အတူနေရင်းဘေး ကပ်လျက်မှာ ကန်ထရိုက် တိုက်ဆောက်နေတဲ့အင်ဂျင်နီယာနဲတွေတယ်။ သူကလဲထမင်းဆိုင်မှာနံနက်စာစားတယ်။ နတ်သမီးလဲထမင်းဆိုင်မှာစားတယ်။ဖုန်းရုံမှာဆုံလိုက်ကား မှတ်တိုင်မှာဆုံလိုက်နဲ့။တတိယလူနဲ့ကျမှအဆင်ပြေသွား ပါတယ်။အကြိုက်တူစရိုက်တူလို့ပေါ့လေ။

ရင်နာခဲ့ရတဲ့နေ့ အပိုင်း ၁

ရင်နာခဲ့ရတဲ့နေ့

နတ်သမီးအဖေရဲ့ ၀မ်းကွဲညီမ နာမည်က ဒေါ်စိန်စိန်တဲ့၊ဒေါ်စိန်စိန်ယောင်္ကျား ကဆုံးသွားပါပြီ။ ငါးနှစ်ရှိပါပြီ၊ နာဂစ်ပြီးတော့ ဒေါ်စိန်စိန် သူ့မောင် နေတဲ့အိမ်ကို သွားလည် ရင်း လေဖြတ်သွား ပါတယ် လေဖြတ် သွား တော့ သူအိမ်ကို ပြန်ခေါ်လာပါတယ်။ အိမ်ရောက်တော့ သာသမီး မြေးမြစ်တွေ ၀ိုင်းနေတာ ပေါ့။ သမီး အကြီးသန်းသန်း က သင်္ကန်းကျွှန်းစံပြ ဆေးရုံ ပို့မယ် ပြောတယ်။ဒုတိယ သမီး စန်းစန်း ကစံပြ ဆေးရုံ ပို့ရင် အမေက ဆေးရုံကြောက်တတ်တယ်။စံပြ ဆေးရုံ က သတင်းမေး လူနာ နှစ်ယောက် ထက် ပိုလို့ မရဘူး။ SSC ပို့မယ်လို့ပြောတယ်။သန်းသန်း ကပြောတယ် ။SSC က နိုးဘရိတ် လို့ ပြောတယ်။ဘီလ် တွေ အများကြီး တက်လာမယ်လို့ပြောတယ်။ငွေ သိန်း (၃၀) တက်လာရင် နင်ပေးမှာလားလို့ပြောတော့ စန်းစန်း လည်း ပါးစပ် ပိတ်သွားပါတယ်။အကိုကြီး က၀င်ဖြန်ဖြေတယ်။စံပြလည်း မပို့နဲ့၊SSC လည်းမပို့နဲ့။သျှင်ပါကူ တင်လိုက်မယ် ဆိုပြီး တင်ဖြစ်တယ်။ သမီးကြီး က အငယ်ဆုံး မောင်ကို ပြောတယ်။ ငါတို့ဆေးကုရင် (၁၆) နှစ်သမီး ဖြစ် မှာ လား ငွေ ကုန် တာအဖတ်တင်မယ် လို့ပြောတယ်။နောက် တနေ့ ရောက်တော့ မောင် အငယ်ဆုံး သျှင်ပါကူ ဆေရုံ ကိုလိုက် လာပြီး နင်တို့ ဒီမှာ ပျော်နေတာပေါ့လေ။ လေဖြတ်တဲ့ လူနာ ကိုဆေးရုံ ကဘာလုပ် ပေးမှာလဲ၊ အခန်းခ တစ်ရက် သုံးထောင်ကုန်တာဘဲ ရှိမှာပေါ့ လို့ပြောတယ်။ အိမ်ပြန်ခေါ်မယ် လို့ ပြောတယ်။လေဖြတ် တဲ့ ဒေါ်စိန်စိန် ရဲ့ ညီမ တွေ လဲ ဘာမှ မပြောသာဘူး။အိမ်ပြန်ခေါ်လာတယ်။ ဒေါ်စိန် စိန်က တခါ မှ နေမကောင်းမဖြစ်ဘူး။ အခုအသက် (၇၇) နှစ် ရောက်မှ ဆေးရုံကို ပထမ ဆုံးတက်ရတာ။ ဒါ ကိုဆေးကုရင် (၁၆) နှစ် ပြန်ဖြစ်မှာ လားပြောတော့ ဒေါ်စိန်စိန် ညီမတွေ လဲ စိတ်ဆင်းရဲသွားတယ်။ အိမ် ရောက် လာပြီး လေဖြတ် ထားတဲ့ လူနာ ဆိုတော့ ဆီး ၀မ်း အတွက် က လူလိုတာပေါ့။ ဒါကို သိပ် မလုပ် ပေးချင်ဘူး။တတိယ သမီးအေးအေး က ပထမတော့ စိတ်ရှည်ရှည် လုပ်ပေးတယ်။ နောက်တ ပတ် လောက် ကြာ တော့ မလုပ်ပေးချင်ဘူး။သူ့သမီး လေးက ဆီး ၀မ်း အတွက် လုပ်ပေးတယ်။ နောက် အသက် ရှုရကျပ်လာတော့ သူက သားသမီးတွေ ကိုပြောတယ် အသက်ရှု ရသက်သာ အောင် ဆေး ရုံ တင် ပေးပါလို့ ပြောတယ်။ သျှင်ပါကူ ကိုပြန်တင်တယ် ၊အောက်ဆီဂျင် (၂၄) နာရီ ပေးရတယ်။အီးစီဂျီ ဆွဲ ရတယ် ၊ နောက်နှစ်ရက် လောက်ကြာတဲ့ အခါ ဆေးရုံ က ရှစ်သောင်း ကျတယ် ဆို တော့ ပြသနာ စဖြစ် တော့ တာဘဲ ၊ဘယ်သူ ရှင်းမလဲ၊ ဘယ်သူ ဆေး ရုံ တင် ဖို့ ပြောတာလဲဆိုတာ စကားတွေကို လူနာ ကု တင် ဘေးမှာ စကားများကြတယ်။လူနာလဲမျက်နှာ ငယ်စွာနဲ့ တယောက် ခြင်းစီကို လိုက်ကြည့်နေတယ်။ ထုံးစံ အတိုင်း လူနာ ကိုပြန်ဆင်း ခိုင်းလိုက်တယ်။ အိမ်ရောက်ပြီး လူနာ သုံးရက်လောက် နေတော့ အရမ်း မောနေတယ် အသက် ကို ခက်ခက်ခဲခဲ ရှုနေရတယ်။ နောက် တခေါက် ပြန်တင် ရတယ်။ ပထမ သမီး သန်းသန်း နဲ့ တတိယ သမီး အေးအေး တို့ က ဒုတိယသမီး စန်းစန်း ကို အိမ်ပြန်ပြီး စောင်ပြန်ယူပါလို့ပြော တယ်။လူနာ ကို အောက်စီဂျင် ပေးလိုက်တော့ လူနာ အရမ်းလန်းလာတယ်။တတိယ သမီး အေးအေး ကလူနာ ကို ဆရာဝန်ကြီး ကဆူနေတယ်။လူနာ ကို နောက်တခေါက် ခေါ်မလာနဲ့ မရတော့ဘူးလို့ပြော တယ် ဆိုပြီးပြောလိုက်တော့ လူနာ လဲရှိုက်ကြီးတငင်ငိုကြွေးတယ်။ ဒုတိယ သမီး စန်းစန်းနဲ့ အဒေါ် နှစ်ယောက် ရောက် လာတော့ လူနာ အရမ်း ငိုနေတာ တွေ့ရတယ်။ အောက်စီဂျင် ပေး ပြီး လန်း လာ တဲ့ လူနာ ဘာကြောင့် သည်လိုဖြစ်သွားမှန်း ရုတ်တရက် စဉ်းစား မရဘူးဖြစ်နေတယ်။ထုံးစံအတိုင်း ငွေရှင်းချိန် ရောက်တော့ သားသမီး တွေ အော်ကြီး ဟစ်ကျယ် လူနာ နားမှာ ရန်ဖြစ်နေတယ်။လူနာလည်း စကားပြောဆို လိုခြင်းမရှိလို မှိန်းနေတယ်။ လူနာ လည်းအစာစားချင် စိတ်မရှိတော့ပါ။ညနေ ရောက်တော့ လူနာ ဆုံးသွားပါတယ်။ ချက်ခြင်းအိမ်ကို ပြန်ကြပြီး ဒေါ်စိန်စိန် ရဲ့ ဘီ ဒို ကိုဖွင့်ပြီး ထမိန် တွေ ကို အပုံပုံပါတယ်။ပြီးတော့ခွဲဝေယူကြပါတယ်။ရက်လည်နေ့အတွက် ကို အဝေး ကအစ်ကို တယောက် ကအကုန်ကျခံပါတယ်။ သားသမီး တွေအတွက် အမေက အားလုံးလ ပြည့်စုံအောင် ဆောင်ရွက် ပေးခဲ့ပေမဲ့ အမေအတွက် တော့ သူပေး ငါပေးဆိုပြီး ကပ်နေကြပါတယ်။နောက်တော့အိမ်ပေါ်မှာ နေနေတဲ့သမီးကြီး ကဆင်းမပေးဘူးဆိုပြီးပြသနာ ပေးလာပါတယ်။ နောက်ဆုံးရှင်းရလင်းရ ရန်ဖြစ်ရနဲ့ နေနေတဲ့သမီးအကြီး သန်းသန်းက ပေါက်ဈေးရဲ့ သုံးပုံ တစ်ပုံ အမ်းပါတယ်။အဲဒါကိုအားလုံးဝေယူတော့ တစ်ယောက်ကို သိန်း တစ်ရာ့ ငါးဆယ်ရပါတယ်။တယ်လီဖုန်းဈေးက အဲဒီကာလတုန်းကနှစ်ဆယ့်ငါးသိန်းပေးရပါတယ်။တယ်လီဖုန်းဝယ်သူကလည်းဝယ်ပေါ့လေ။ပျော်ကြတာ ပေါ့လေ။ ဒါကို အစ အဆုံး မျက်ဝါးထင်ထင် တွေ့ ရတဲ့ နတ်သမီး လဲ သားသမီး ဆိုတာ ဒါမျိုးလဲ ရှိတတ်ပါလား လို့ တွေး မိတယ်။မိဘက သားသမီး ကို တနေ့ အငတ်ထားပြီး သိပ် လိုက်တာ လိုက်တာ မရှိဘူး။တရားအရမ်းရသွားတဲ့နေ့ တနေ့ဖြစ်ခဲ့ပါတယ်။

နှလုံးသွေးကြောရောဂါ


Photo: တစ်နေ့ ၁၀ နာရီ ထက်အလုပ်လုပ်ပါက နှလုံးကိုထိခိုက်စေနိုင်

တစ်နေ့တွင် အလုပ်ချိန် ၁၀ နာရီနှင့် အထက် အလုပ်လုပ်သူများသည် နှလုံးကို ထိခိုက်စေပြီး ပုံမှန် ၇ နာရီ အလုပ်လုပ်သူများထက် ရုတ်တရက် နှလုံးခုန်ရပ်ခြင်း အပါအဝင် ပြင်းထန်သော နှလုံးရောဂါဆိုင်ရာ ပြဿနာများ ပိုမိုခံစားရမည်ဟု သုတေသီများက ပြောဆိုခဲ့ကြသည်။
ဗြိတိသျှ အရပ်ဘက် ဝန်ထမ်း ၆၀၀၀ ကို ၁၁ နှစ်အကြာ သုတေသန ပြုမှုကြောင့် အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်းသည် နှ
လုံးသွေးကြောပိတ် ရောဂါနှင့်ဆိုင်သော ပြဿနာများကို ဖြစ်ပွားစေသည် ဟူသော အဖြေကို ခိုင်ခိုင်မာမာ ပြဆိုနိုင်ခဲ့သည်။ အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်း နှင့် နှလုံးရောဂါဖြစ်ပွားမှု မည်သို့ မည်ပုံ ဆက်စပ်သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း အလုပ်အတွင်း ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကြောင့် ဖြစ်နိုင်သည်ဟု ပါရဂူတို့က ကောက်ချက် ချခဲ့သည်။
လန်ဒန်အခြေစိုက် သုတေသန အဖွဲ၏ အဆိုအရ ၎င်းတို့၏ သုတေသနပြုမှု အတွင်း ရုတ်တရုက် နှလုံးခုန်ရပ်ခြင်းနှင့် ရင်ဘတ်စူးအောင့်ခြင်းများ အပါအဝင် နုလုံးရောဂါကြောင့် သေဆုံးမှု ၃၆၉ ခုရှိရာ သတ်မှတ်အလုပ်ချိန်ထက် ၃ နာရီမှ ၄ နာရီ အချိန်ပို အလုပ်လုပ်သူများအဖို့ အဆိုပါ နုလုံးရောဂါ၏ ဆိုးကျိုးအန္တရယ်များ သက်ရောက်ရန် ပုံမှန်ထက် ၆၀ရာခိုင်နှုန် ပိုမိုမြင့်မားသည်ဟု သိရသည်။ သို့သော် ပုံမှန် အလုပ်ချိန် ၇ နာရီထက် တစ်နေ့တွင် အချိန်ပို ၁နာရီမှ ၂နာရီခန့် ပိုမို အလုပ်လုပ်ခြင်းသည် ထိုနုလုံးရောဂါ၏ ဆိုးကျိုးအန္တရယ်များ ပိုမိုမြင့်မားလာခြင်း မဖြစ်ပွားနိုင်ဟု ဆိုသည်။
“ဒီ နှလုံးရောဂါရဲ့ အကျိုးသက်ရောက်မှုက သတ်မှတ်ချိန်ထက် ၃ နာရီနဲ့ အထက် ပိုပြီးအလုပ်လုပ်မှ ဖြစ်ပွားမှာပါ။ ဒါကြောင့် ပုံမှန်အလုပ်ချိန်ထက် တစ်နာရီလောက် ပိုသွားရုံနဲ့တော့ ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး” ဟု University College London နှင့် Finnish Institute of Occupational Health မှ ရောဂါ ကူးဆက်ပျံ့ပွားမှု ကာကွယ်ခြင်း ဆိုင်ရာ ပါရဂူ ဒေါက်တာ Marianna Virtanen ကပြောကြားပါသည်။
ထိုသို့ အချိန်ပို အလုပ် လုပ်သောကြောင့် နှလုံးရောဂါ ပြဿနာများ ဖြစ်ပွားမှုပမာဏ မြင့်တက်လာခြင်းမှာ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ ကိုလက်စထရောဓာတ် မြင့်မားခြင်း စသည့် နှလုံးရောဂါအတွက် အန္တရယ်ရှိနိုင်သော အခြား အကြောင်းအရင်းများ အပေါ် ဆက်နွယ်မှီခိုမှု မရှိဘဲ သီးခြား အကျိုးသက်ရောက်မှုကို ဖြစ်ပွားစေကြောင်း သိရသည်။
သို့သော် ဒေါက်တာ Marianna Virtanen ၏ အဆိုအရ နှလုံးရောဂါကို အန္တရယ် ပေးနိုင်သော အဝလွန်ခြင်းနှင့် အရက် အလွန်အကျွံသောက်ခြင်းတို့ ကဲ့သို့ပင် အချိန်ကြာမြင့်စွာ ပိုမိုအလုပ်လုပ်သော နေထိုင်မှု ပုံစံသည်လည်း ရောဂါအပေါ် တူညီသော ဆိုးကျိုး သက်ရောက်မှု ဖြစ်ပွားစေသည်ဟု သိရသည်။
အခြေခံကျကျ သုံးသပ်ရလျင် အလုပ်ချိန်ပိုမို ကြာမြင့်သည်နှင့်အမျှ အလုပ်နှင့် ဆက်စပ်နေသော စိတ်ဖိစီးမှုများလည်း မြင့်တက်လာသည်ဖြစ်ရာ ၎င်းတို့သည် ကိုယ်တွင်းဇီဝကမ္မ ဖြစ်စဉ်များကို ဝင်ရောက် နှောက်ယှက်သကဲ့သို့ ဖြစ်ပွားနိုင်သည်။ ထိုနည်းအားဖြင့် နာမကျန်း ဖြစ်သည့်အထိ ဆက်လက်၍ အလုပ်လုပ်မိလျက်သား အခြေအနေသို့ ရောက်ရှိရသည်ဟု ဆိုသည်။
ဒေါက်တာ Marianna Virtanen နှင့် အပေါင်းအပါများက အဆိုပါတွေ့ရှိချက်ကို European Heart Journal တွင်ဖော်ပြခဲ့ကြသည်။ University of Glasgow’s Western Infirmary (ဂလက်စ်ဂိုး အနောက်ပိုင်း တက္ကသိုလ်) ၏ ဆေးဝါးဗေဒ ဌာနမှ ပါမောက္ခ Gordon McInnes က ၎င်းတွေ့ရှိချက်သည် ဆရာဝန်တစ်ဦးအဖို့ လူနာ၏ နှလုံးရောဂါ ဖြစ်ပွားနိုင်မှု အန္တရယ်ကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် တွက်ဆနိုင်ရန် အရေးပါသော အချက်ဖြစ်သည်ဟု ဆိုသည်။
“အကျိုးရလဒ်က တစ်ကယ့်ကို ရိုးရိုးလေးပါ။ အရေးပါမှုကတော့ ပုံမှန် လက်ခံထားတဲ့ အချက်တွေထက် အများကြီးပိုပါတယ်။ အချိန်ပို အလုပ်လုပ်တဲ့နေရာမှ လုပ်ငန်းခွင်ဖိအားတွေပါ အပိုတွဲပါလာတတ်ပြီး အဓိကအချက်ကတော့ ဒါတွေက နှလုံးသွေကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ချေ ပမာဏ မြင့်မားလာတာပါပဲ” ဟု ပါမောက္ခ Gordon McInnes က ပြောကြားပါသည်။

Ref: ကျန်းမာရေးစကားဝိုင်း

 နှလုံးသွေးကြောရောဂါ
အကောင်းဆုံး ဆရာဝန် ဟာမိမိကိုယ်တိုင်ပါ။
မိမိဆီမှာ ရောဂါ ရှိနေတာ ကို ကြိုတင် အချိန်မနှောင်းမီ သိရှိရန်လိုအပ်သည်။ပြီးလျှင် ရောဂါရဲ့ ဆိုးကျိုးများ အသေးစိတ်လေ့လာပြီး ဆောင်ရန် ရှောင်ရန်များ ကိုသိရန်လိုအပ်ပါသည်။
သာမန်လူတွေမှာ အသက် (၅၀) ကျော်လာရင် သွေးလွတ်ကြော တွေ မာလာပါတယ်။သွေးလွတ်ကြော မာလာပြီး (၅)နှစ် က(၁၀) နှစ်အတွင်း ပိတ်ဆို့သွားတတ်ပါတယ်။
နှလုံး သွေးလွတ်ကြော ရောဂါတွင် အရေးအကြီးဆုံးသတိထားရမှာက
(၁)အလျင် စလို အားစိုက်ခွန်စိုက် အလေးအပင် မသယ်သင့်ပါ။
(၂)ပူပင်သောက မဖြစ်အောင်နေရပါမယ်။
(၃)ပုံမှန်ဝမ်းသွားအောင် နေပါ။
(၄)မနက်အိပ်ရာ ထပြီး နာရီဝက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပါ
(၅)နေ့လည်ပိုင်း နာရီဝက်အိပ်ပါ။
 (၆)ညနေ (၆)နာရီ (၇)နာရီလောက်မှာ နာရီဝက် ဖြည်းဖြည်းလျှောက်ပါ



စားသောက်ရမည့်ပုံစံ
(၁)နေ့စဉ် နို့တဖန်ခွက်သောက်ပါ။
(၂)ပဲပိစပ် စားပါ
(၃)ဗိုက်တင်းအောင် မစားပါနှင့်
(၄)လမ်းများများလျှောက်ပါ။
(၅)လတ်ဆတ်တဲ့ အသီးအရွက်စားပါ။
(၆)အမည်းရောင် ကြွက်နားရွက်မှို စားပါ။
ကြွက်နားရွက်မှိုသည် သွေးပျစ်တာကို ကျဲစေပါတယ်။သွေးကြဲသွားရင် ဦးနှောက်သွေးကြောပိတ် ရောဂါမ ဖြစ်နိုင်ပါ။သေးငယ်လှတဲ့ ဆံချည်မျှင် သွေးကြောများပိတ်ဆို့သွားလျင် မှတ်ညဏ်ပျောက်တတ်သည်။
လမ်လျောက်လေ့ကျင့်ခန်းသည်သွေးထဲမှ ကိုလက်စရော အဆီကိုကျစေပါသည်။
သက်ကြီးရွယ်အို တွေရဲ့ဝမ်းဟာ အစိုဓါတ်နည်းပါးပြီးဝမ်းတွေခြောက်နေပါတယ်။ဦးနှောက်သွေးကြော အတွက် လုံးဝမကောင်းပါ။ပုံမှန်ဝမ်းသွားအောင်နေပါ။
ဒေါသ စိတ်လှုပ်ရှားမှုတွေရှောင်ပါ။ရိုသားဖြောင့်မတ်အောင်နေပါ။ရောင့်ရဲခြင်းရှိရမယ်။လောကဓံ တရား ကို ခံနိုင်အောင်နေရမယ်။လွတ်လွတ်ပ်လပ်ပျော်ပျော်ပါးပါးနေပါ။

ထမင်းစားပြီး ရေခဲရေ ဖျော်ရည် မသောက်ပါနှင့်။အစာတွေအဆီခဲလို အစိုင် အခဲဖြစ်ပြီး ကင်ဆာရောဂါ ရနိုင် ပါတယ်။အစာစားပြီးတိုင်းရေနွေးပူပူ (သို့) စွပ်ပြုတ်ပူပူလေးသောက်ပါ။