နှလုံးသွေးကြောရောဂါ
အကောင်းဆုံး ဆရာဝန် ဟာမိမိကိုယ်တိုင်ပါ။
မိမိဆီမှာ ရောဂါ ရှိနေတာ ကို ကြိုတင် အချိန်မနှောင်းမီ သိရှိရန်လိုအပ်သည်။ပြီးလျှင် ရောဂါရဲ့ ဆိုးကျိုးများ အသေးစိတ်လေ့လာပြီး ဆောင်ရန် ရှောင်ရန်များ ကိုသိရန်လိုအပ်ပါသည်။
သာမန်လူတွေမှာ အသက် (၅၀) ကျော်လာရင် သွေးလွတ်ကြော တွေ မာလာပါတယ်။သွေးလွတ်ကြော မာလာပြီး (၅)နှစ် က(၁၀) နှစ်အတွင်း ပိတ်ဆို့သွားတတ်ပါတယ်။
နှလုံး သွေးလွတ်ကြော ရောဂါတွင် အရေးအကြီးဆုံးသတိထားရမှာက
(၁)အလျင် စလို အားစိုက်ခွန်စိုက် အလေးအပင် မသယ်သင့်ပါ။
(၂)ပူပင်သောက မဖြစ်အောင်နေရပါမယ်။
(၃)ပုံမှန်ဝမ်းသွားအောင် နေပါ။
(၄)မနက်အိပ်ရာ ထပြီး နာရီဝက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပါ
(၅)နေ့လည်ပိုင်း နာရီဝက်အိပ်ပါ။
(၆)ညနေ (၆)နာရီ (၇)နာရီလောက်မှာ နာရီဝက် ဖြည်းဖြည်းလျှောက်ပါ

စားသောက်ရမည့်ပုံစံ
(၁)နေ့စဉ် နို့တဖန်ခွက်သောက်ပါ။
(၂)ပဲပိစပ် စားပါ
(၃)ဗိုက်တင်းအောင် မစားပါနှင့်
(၄)လမ်းများများလျှောက်ပါ။
(၅)လတ်ဆတ်တဲ့ အသီးအရွက်စားပါ။
(၆)အမည်းရောင် ကြွက်နားရွက်မှို စားပါ။
ကြွက်နားရွက်မှိုသည် သွေးပျစ်တာကို ကျဲစေပါတယ်။သွေးကြဲသွားရင် ဦးနှောက်သွေးကြောပိတ် ရောဂါမ ဖြစ်နိုင်ပါ။သေးငယ်လှတဲ့ ဆံချည်မျှင် သွေးကြောများပိတ်ဆို့သွားလျင် မှတ်ညဏ်ပျောက်တတ်သည်။
လမ်လျောက်လေ့ကျင့်ခန်းသည်သွေးထဲမှ ကိုလက်စရော အဆီကိုကျစေပါသည်။
သက်ကြီးရွယ်အို တွေရဲ့ဝမ်းဟာ အစိုဓါတ်နည်းပါးပြီးဝမ်းတွေခြောက်နေပါတယ်။ဦးနှောက်သွေးကြော အတွက် လုံးဝမကောင်းပါ။ပုံမှန်ဝမ်းသွားအောင်နေပါ။
ဒေါသ စိတ်လှုပ်ရှားမှုတွေရှောင်ပါ။ရိုသားဖြောင့်မတ်အောင်နေပါ။ရောင့်ရဲခြင်းရှိရမယ်။လောကဓံ တရား ကို ခံနိုင်အောင်နေရမယ်။လွတ်လွတ်ပ်လပ်ပျော်ပျော်ပါးပါးနေပါ။
ထမင်းစားပြီး ရေခဲရေ ဖျော်ရည် မသောက်ပါနှင့်။အစာတွေအဆီခဲလို အစိုင် အခဲဖြစ်ပြီး ကင်ဆာရောဂါ ရနိုင် ပါတယ်။အစာစားပြီးတိုင်းရေနွေးပူပူ (သို့) စွပ်ပြုတ်ပူပူလေးသောက်ပါ။
.jpg)
.jpg)
No comments:
Post a Comment